ကလေးကို မိခင်နို့တိုက်ကျွေးတဲ့ မိခင်တွေအနေနဲ့ မိခင်နို့ရည်ကို ညှစ်ထုတ်ဖို့ လိုအပ်လာတဲ့အချိန်တွေရှိပါတယ်။ ဥပမာ – မိခင်နို့က သိပ်တင်းလွန်းနေလို့ ညှစ်ထုတ်ပေးရတာ၊ လုပ်ငန်းခွင်ပြန်ဝင်ရမှာမို့လို့ မိခင်နို့ရည်ကို ကလေးအတွက် ညှစ်ပြီးသိမ်းထားပြီး အိမ်မှာကျန်ခဲ့တဲ့ တစ်ဦီးဦီးက ညှစ်ထားတဲ့မိခင်နို့ကို ကလေးကိုတိုက်ပေးရမယ့် အခြေအနေမျိုးတွေပါ။ ဒီလိုအခြေအနေမျိုးမှာ အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ်အနည်းဆုံးနည်းလမ်းကတော့ မိခင်နို့ကို လက်နဲ့ညှစ်တာပဲဖြစ်ပါတယ်။ မိခင်နို့ကိုလက်နဲ့ညှစ်တဲ့အခါ ဒီဗွီဒီယိုလေးထဲက နည်းလမ်းလေးတွေက မေမေတို့အတွက် အသုံးဝင်ပါလိမ့်မယ်။
Video Credit: Global Health Media Project and Save the Children
ညှစ်ထုတ်ပြီးသွားတဲ့ နို့ရည်တွေကို ဘယ်လိုသိမ်းဆည်းရမလဲဆိုတာ ဒီမှာ ကြည့်နိုင်ပါတယ်။
မိခင်နို့တိုက်ကျွေးတာနဲ့ပါတ်သက်လို့ အခက်အခဲရှိရင် Healthy and Happy Families ကိုဆက်သွယ် အကူအညီတောင်းနိုင်ပါတယ်။ Healthy and Happy Families ရဲ့ Facebook မှာလည်း ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာတွေကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။
Healthy and Happy Families ကိုဆက်သွယ်ချင်ရင် ဖုန်းနံပါတ်က ၀၉၄၀၇၈၃၉၀၅၀ ပဲဖြစ်ပါတယ်။