မေမေတို့ရေ… မေမေတွေမှာမိခင်နို့လုံလုံလောက်လောက်မထွက်ရင် ဘာလုပ်နိုင်သလဲ ဆိုတာနဲ့ပတ်သက်ပြီး နည်းနည်း ပြောပြပါမယ်။
တကယ်တော့အမျိုးသမီးတွေကမိခင်နို့တိုက်ကျွေးနိုင်ဖို့ဖန်ဆင်းထားပြီး ရင်သားတွေက မိခင်နို့ ထွက်ဖို့အတွက် ဖန်ဆင်းထားတယ်လို့တောင် ပြောလို့ရပါတယ်။ အပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမွေးဖွားပြီးနောက် အချိန်တွေတစ်လျှောက်လုံးမှာ ရင်သားတွေကနို့ချိုတိုက်ကျွေးနိုင်ဖို့ တောက်လျောက် ပြင်ဆင်နေခဲ့တာပါ။
အမျိုးသမီးတော်တော်များများကနို့တိုက်နိုင်မှာ မဟုတ်ဘူးလို့ ခံစားမိပေမယ့်လည်း အမျိုးသမီး ၅ ရာခိုင်နှုန်းခန့်လောက်ကသာခန္ဓာဗေဒဆိုင်ရာ ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာ အကြောင်းရင်းခံတွေ ကြောင့် နို့တိုက်ဖို့မစွမ်းဆောင်နိုင်တာပါ။
အမျိုးသမီးအများစုအနေနဲ့ မိခင်နို့မတိုက်ကျွေးနိုင်ဘူးဆိုတာက မှန်ကန်တဲ့ဗဟုသုတ၊ လိုအပ်တဲ့ အကူအညီတွေ၊ အထောက်အပံ့တွေမရရှိခဲ့လို့လည်း ဖြစ်ပါတယ်။
ကလေးမွေးနေတဲ့အချိန်၊ မွေးပြီးတဲ့အချိန်တွေမှာ မေမေတွေရဲ့ရင်သားတွေက နို့ဦးရေပါနေတဲ့နိုတွေ ရှိနေပါတယ်။ ရင်သွေးလေးမွေးပြီးရင် မေမေတို့ရဲ့ အသား (အရေပြား)နဲ့ ရင်သွေးလေးတို့ရဲ့ အသား (အရေပြား) တို့ကို အသားချင်းထိထားပြီး မေမေတို့ရဲ့ ရင်ဘတ်ပေါ်မှာသားသားမီးမီးလေးတွေကို ၂ နာရီလောက် တင်ပြီးကပ်ထားပေးပါ။ ဒီလိုလုပ်တာက ကလေးကို နို့ဘယ်လိုစို့ရမယ်ဆိုတာသင်ယူဖို့အထောက်အကူပြုပါတယ်။ မေမေတို့ရဲ့ နို့ဦးရေတွေကို လွှင့်မပစ်ရဘူးနော်။ ရင်သွေးလေးက အဲဒီလို လုပ်ပေးဖို့လိုပါတယ်။
ရင်သွေးလေးမွေးပြီးတာနဲ့အမြန်ဆုံး ပထမတစ်နာရီအတွင်းမှာ မိခင် နို့တိုက်ရပါမယ်။
ရင်သွေးလေးကိုနေ့ရောညပါ မကြာခဏနို့တိုက်ကျွေးရပါမယ်။
အနည်းဆုံးတစ်နေ့ကို ၈-ကြိမ်ကနေ ၁၂ ကြိမ်၊ဒါမှမဟုတ်ဒါထက်မကနို့တိုက်ရပါမယ်။
မေမေတွေရဲ့ရင်သားကို လက်နဲ့ ဖိနှိပ်ပေးခြင်းက မေမေတွေနို့ပိုထွက်စေပါတယ်။
မေမေတွေကကလေးကိုမှန်ကန်တဲ့အနေအထားနဲ့ ကိုင်ထားဖို့နဲ့မေမေနဲ့လဲ ထိစပ်နေမှုက မှန်နေဖို့လိုပါတယ်။ ဒါမှသာ ကလေးတွေက နို့ကို ပိုပြီးတော့စုတ်ယူနိုင်စေမှာပါ။
မိခင်နဲ့ထိစပ်မှုကောင်းအောင် (နို့ငုံမှုကောင်းအောင်) ဘယ်လိုလုပ်ရမလဲ ဒီအောက်က ဗွီဒီယိုလေးမှာ လေ့လာကြည့်နိုင်ပါတယ်။
အနေအထားမှန်မှန်ကန်ကန်နို့တိုက်နိုင်ဖို့ ဒီလင့်က ဗွီဒီယိုလေးမှာ လေ့လာကြည့်ပါနော်။
နို့တိုက်ကျွေးနေတဲ့အချိန်တွေမှာ ရင်သားတွေကို တစ်ဖက်ပြီးတစ်ဖက် အလှည့်ကျ၊တလှည့်စီ တိုက်ကျွေးပေးရမယ်။
မေမေတွေကအစာစားတာကို မကန့်သတ်ကြပါနဲ့။ စားနိုင်သမျှသာစားပါ။ ကယ်လိုရီ၊ ပရိုတိန်း ခေါ်အသားဓါတ်တို့ လုံလုံလောက်လောက်ရခဲ့ရင် နို့ကောင်းကောင်းထွက်ပါလိမ့်မယ်။
ကလေးအိပ်နေတဲ့အခါမေမေတွေကလိုက်ပြီးတော့အနားယူပေးရင် မေမေတွေ နို့ကောင်းကောင်းထွက်ပါလိမ့်မယ်။
နို့မှုန့်တွေ၊ရေနဲ့တခြားအစားအစာတွေကို သားသားမီးမီးလေးတွေကို တိုက်ကျွေးမိခဲ့မယ်ဆိုရင်သူတို့ကို နို့မတိုက်ဖြစ်ဘဲ မေမေတို့ရဲ့ နို့ထုတ်လုပ်နိုင်တဲ့စွမ်းအားလည်း ကျဆင်းသွားပါလိမ့်မယ်။ ဆရာဝန်နှင့် ဆွေးနွေးရပါမယ်။ တချို့ ဗီတာမင်နှင့် သတ္တုဓါတ်အားဖြင့်ဆေးတွေက မှန်ကန်တဲ့ အစားအသောက်တွေကမေမေတွေကနို့ပိုထွက်ဖို့အထောက်အပံ့ပေးနိုင်ပါတယ်။ ဒါပေမယ့်ဆရာဝန်နဲ့တိုင်ပင်ဖို့တော့ လိုအပ်ပါ လိမ့်မယ်။
မိခင်နို့ပိုထွက်အောင်ဘယ်လိုလုပ်နိုင်မလဲ နည်းလမ်းလေးတွေကို ဒီ ဗွီဒီယိုလေးမှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။
မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။
မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho